Saturday, September 13, 2008

How to play DoTa? (Beginner Guide) Part 1

အရင်ဆုံး DoTa ဆိုတာ ဘယ်လို ဂိမ်းမျိုးလဲလို့ပြောပြပါမယ်။

Warcraft III : Frozen Throne ရဲ့ Custom Map ထဲက Three Corridor လိုဂိမ်းမျိုးပါ။
ကိုယ်ကစားမယ့် Hero ကို ရွေးပြီး တစ်ဖက်အသင်းရဲ့ ပင်မ အဆောက်အအုံကို ပြိုအောင်ဖြိုရတာပါ။
တစ်ခြားဂိမ်းတွေနဲ့ DoTa ရဲ့ကွာခြားချက်က Hero တွေအရမ်းများတယ်။ ပစ္စည်းကို တစ်ခုနဲ့တစ်ခု ပေါင်းပြီး နောက်အသစ်တစ်ခု လုပ်လို့ရတယ်။ ဒါတွေကြောင့်လည်း အခုမှ စဆော့မယ့်သူတွေအတွက် ခက်ခဲပါတယ်။
ဒါပေမယ့် ဒီ Guide ကိုဖတ်ပြီးရင်အနည်းဆုံးတော့ နားလည်လာမယ်။ ကစားတတ်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

ဘာတွေသိထားရမလဲ။
၁။ Hero အမျိုးအစားဘယ်နှစ်မျိုးရှိသလဲ။
၂။ စထွက်ဘယ်ပစ္စည်းတွေ ဆက်သင့်လဲ။
၃။ ကိုယ့်အတွက်အကောင်းဆုံးလမ်းက ဘယ်လမ်းလဲ။
၎။ DoTa အခေါ်အဝေါ်တွေ နဲ့ စထွက်ကစားနည်း။

၁။ Hero အမျိုးအစားဘယ်နှစ်မျိုးရှိသလဲ။
အရင်ဆုံး Hero တွေကိုကိုယ့်မှာပါတဲ့ skill ပေါ်မူတည်ပြီး Attacker နဲ့ Supporter ဆိုပြီးအရင်ခွဲလိုက်ပါမယ်။
(ဒါကတော့ အခုမှစဆော့သူတွေအတိုက်ခွဲတတ်ဖို့ ခက်ပါတယ်)

Attacker - ရန်သူ Hero ကိုလွယ်လွယ်ကူကူနဲ့ တိုက်လို့ရမယ့် skill တွေပါမယ်။

Supporter – Skill တွေက ရန်သူ့ Hero ကိုတိုက်ရိုက်တိုက်လို့မရပေမယ့် ကိုယ် Team အတွက်အထောက်အကူဖြစ်စေတယ်။

နောက်ပြီး Hero မှာ Strength, Agility, Intelligence ဆိုပြီး Type သုံးမျိုးရှိပါတယ်။

Strength - အစပိုင်းမှာအနှိမ်ခံရတတ်ပေမယ့် ပွဲကြာလေပိုကောင်းလေ ဆိုတဲ့ကောင်တွေပါ။
အားသာချက်
သွေး (Hit Point) အရမ်းများတယ်။
အားနည်းချက်
Mana အရမ်းနည်းတယ်။ Armor နည်းတယ်။
အများအားဖြင့် Melee(အနီးကပ်သာတိုက်လို့ရလို့) တွေဖြစ်လို့ အစမှာ Range တွေနဲ့ တွေ့ရင် အနှိမ်ခံရတတ်တယ်။

Agility - တစ်ပွဲလုံးကစားလို့ကောင်းတဲ့ကောင်တွေပါ။ အခုမှ စကစားသူတွေအတွက်ကောင်းပါတယ်။ Hero အများစုက attacker တွေဖြစ်တယ်။
အားသာချက်
ခုတ်တာအရမ်းမြန်တယ်။ Armor ကောင်းတယ်။ သူ့အတွက်ပစ္စည်းတော်တော်များများရှိတယ်။
အားနည်းချက်
သွေးနည်းတယ်။ Intel တွေနဲ့တွေရင် ခဏခဏ Base ကိုပြန်ရတတ်တယ်။

Intelligence - အစပိုင်းနဲ့ အလယ်ပိုင်းမှာ အရမ်းကောင်းတယ်။ အပြင်းစား skill (spell) တွေနဲ့ပါ။ တစ်ဝက်လောက်က Attacker ဖြစ်ပြီး တစ်ဝက်လောက်က supporter တွေပါ။
အားသာချက်
Mana ရှိရင် ရှိသလောက် ကြောက်ဖို့ကောင်းတဲ့ကောင်တွေပါ။ တစ်ဖက် Hero ကို အရမ်းနှိမ်လို့ကောင်းတယ်။ Intel အတွက်ပစ္စည်းကအများဆုံးရှိတယ်။
အားနည်းချက်
အပျော့ဆုံး Hero တွေပါ။ အစမှာဆို ၁၀ ချက်လောက်ခုတ်တာခံရတာနဲ့တင် သေနိုင်တယ်။
Intel ကို counter လုပ်နိုင်တဲ့ ပစ္စည်းတွေရှိတယ်။ (ဥပမာ - Hood, Necrominicon, Diffusal Blade)

Hero ကို ကစားတဲ့ ပုံပေါ်မူတည်ပြီး နောက်ထပ်နှစ်မျိုးထပ်ခွဲလို့ရတယ်။
Nuker, Tanker, Disabler တွေပါ။

Nuker ဆိုတာက တစ်ဖက် Hero ကို battle မ၀င်ခင် (သို့) ၀င်ဝင်ချင်း သွေးပြိန်းသွားအောင်/ သေသွားအောင်လုပ်လို့ရတဲ့ spell တွေပါတဲ့ ကောင်ကို ခေါ်တာပါ။ အများစုကတော့ Intel ကောင်တွေပါ။
လူသိများဆုံးကတော့ Lich, Slayer

Tanker ဆိုတာက ကိုယ့် Team က Tower ချိုးနေတဲ့အခါ Tower ပစ်တာကို ခံပြီးနေနေပေးသူ (သို့) ကိုယ် Hero တွေ ထွက်ပြေးချိန်မှာ နောက်မှနေခဲ့ပြီး ပြေးနိုင်အောင်ကူညီပေးနိုင်သူ (သို့) Battle ၀င်နေချိန်မှာ တစ်ခြားဖက်က creep တွေခုတ်တာကိုခံနေပေးသူပါ။ အများစုက strength တွေပါ။ တစ်ခါတစ်ရံ Agility ကိုလည်း Tanker အဖြစ်သုံးနိုင်ပါတယ်။
Agility Tanker ကတော့ - AntiMage, Faceless Void
Antimage က Intel Hero တွေကို ကောင်းကောင်း Tanker လုပ်နိုင်တယ်။ Butterfly နဲ့ Offering ပြီးရင် Strength တွေကိုတောင် Tanker အဖြစ်လုပ်နိုင်တယ်။

Disabler တွေက တစ်ဖက် Hero ကိုတိုက်ပွဲထဲမှာ ၀င်မပါနိုင်အောင် (သို့) ကိုယ်ဖက်က သတ်ရလွယ်အောင်လုပ်ပေးနိုင်သူတွေပါ။ Disable Skill တွေက Stun, Hex, Silent … စတာတွေပါ။
Hero တော်တော်များများမှာ Disabling Skill တော်တော်များများပါပါတယ်။
Disabler + Nuker အဖြစ်ကတော့ Demon Witch, Shadow Shaman ကိုအသိများတယ်။

၂။ စထွက်ဘယ်ပစ္စည်းတွေ ဆက်သင့်လဲ။
ပစ္စည်းအသေးတွေနဲ့စပါ။ စထွက်မှာပစ္စည်းအကြီးနဲ့စလိုက်ရင် ကိုယ့်ဖက်ကအများကြီးနစ်နာသွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကိုယ်တစ်ဖက်က Hero ကိုသတ်နိုင်တယ်ထားအုံး၊ သူက ခဏလေးနဲ့ပြန်ထွက်လာမယ်။
စထွက်သုံးသင့်တာတွေက Bracer, Wraith Band, Null Talisman ဆိုတဲ့ Item တွေပါ။
သွေးပြန်ဖြည့်ဖို့က Tango, Healing Slave စတာတွေကိုဝယ်ပါ။

Tango နဲ့ Healing Slave ဘာကိုရွေးမလဲ။
Melee ဆိုရင် Tango ကိုရွေးပါ။ Range ဆိုရင် Healing Slave ကိုရွေးပါ။ ဘာလို့လဲဆိုတော့ Healing Slave က Damage ထိသွားရင် ပျက်သွားတယ်။ Melee ကအနီးကပ် Creep စားဖို့နဲ့ Denied လုပ်ဖို့လိုလို့ Tango ကပိုအသုံးဝင်တယ်။ တစ်ခုဆီဝယ်ထားချင်လည်းဖြစ်ပါတယ်။

Ring of Health နဲ့ Ring of Regen က 3 vs 3 လောက်မဟုတ်ရင် မ၀ယ်ပါနဲ့။

စထွက်မှာ ကိုယ်ဆီမှာရှိတဲ့ ပိုက်ဆံကို အကုန်နီးပါးသုံးနိုင်အောင်ကြိုးစားပါ။ ၅၀ လောက်ပိုနေရင် သစ်ကိုင်းဝယ်သွားပါ။ +1 ဆိုတာကလဲ အစမှာအရေးကြီးပါတယ်။
+1 ဆိုတာ 19 Hp, 1% attack speed, 13 Mp ရှိတယ်။

၃။ ကိုယ့်အတွက်အကောင်းဆုံးလမ်းက ဘယ်လမ်းလဲ။
ယေဘုယျအားဖြင့်တော့ Range ကအလယ် Melee က ပေါ် (သို့) အောက်။ ဒီလိုကစားကြပါတယ်။
ဒါပေမယ့် ကိုယ် Hero ဆက်သင့်တဲ့ ပစ္စည်းတွေက ဆိုင်အသစ်နှစ်ဆိုင်(အပေါ်နဲ့ အောက်) မှာရှိခဲ့ရင် အပေါ်နဲ့ အောက်ကိုသွားပါ။ တစ်ကယ်လို့ အလယ်ရုံမှာလည်းဝယ်ရမယ်ဆိုရင် Sentinel အတွက် အပေါ်လမ်းနဲ့ Scourge အတွက် အောက်လမ်းကိုသွားပါ။
Sentinel အနေနဲ့ အောက်လမ်း Tower ကျိုးသွားရင် အောက်လမ်းကိုသွားပါ။
Scourge ဆိုရင်ပြောင်းပြန်လို့ မှတ်ပါ။

ဘာလို့ ဒီလိုရွေးလဲ?
Base ကို ခဏခဏပြန်ရင် လမ်းထိမ်းချုပ်မှုကျသလို Lv လည်းကွာသွားနိုင်တယ်။ DoTa မှာအရေးကြီးဆုံးကလည်း ဒီနှစ်ခုပါဘဲ။

၎။ DoTa အခေါ်အဝေါ်တွေ နဲ့ စထွက်ကစားနည်း။
Creep Blocking - ပွဲစထွက်မှာ ကိုယ်က Creep တွေရှေ့ကနေလမ်းကိုပိတ်ပြီးသွားတာပါ။ ရည်ရွယ်ချက်က တစ်ဖက် Hero ကိုနှိမ်တာပါ။ ဒီနည်းကို တစ်ချို့ပြိုင်ပွဲတွေမှာ တရားမ၀င်နည်းအဖြစ်သတ်မှတ်ပါတယ်။

Creep Denied - ကိုယ် Creep ကိုကိုယ်ပြန်သတ်ပစ်တာပါ။ ဒီလိုလုပ်ခြင်းအားဖြင့်တစ်ဖက် Hero မှာ Lv မတက်တော့ဘူး။ စကစားသူအနေနဲ့ ချိန်တတ်ဖို့က အရမ်းခက်တယ်။

Tower Denied – Creep Denied လိုဘဲ။ ဒါပေမယ့် Tower ကိုလုပ်တာပါ။ လုပ်သင့်မလုပ်သင့်စဉ်းစားတာ အရမ်းအရေးကြီးပါတယ်။ Creep က ၃၀ စက္ကန့် ကိုတစ်ခါပြန်ထွက်ပါတယ်။ ဒါပေမယ့် Tower ကတော့ တစ်ပွဲလုံးမှာမှ ဒီတစ်ခုဘဲရှိမှာပါ။ Tower Denied လုပ်ခြင်းအားဖြင့် တစ်ဖက်အသင်းက ပိုက်ဆံမရတော့ပါဘူး။

Neutral Farming - တောပုန်းလုပ်တာပါ။ တောထဲက creep တွေကို Lv နဲ့ ပိုက်ဆံရှာဖို့အတွက်သတ်တာပါ။ ၁ မိနစ်တစ်ခါပြန်ပေါ်ပါတယ်။
စထွက်ကစားနည်းကို Beginner Guide အပိုင်း ၂ မှာဖတ်ပေးပါ။ အခုတောင်တော်တော်မျက်စိညောင်းရောပေါ့။

No comments: